Author Archives: Hlaing ChoOo

  • ဖျာပုံမြို့နယ်၊ အနော်မာလမ်း (၂) ရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အနော်မာလမ်း (၂) ရပ်ကွက်၌ (၂၁-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း Family Kit (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်တို့အား (၂၁-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၁-၁၁-၂၀၁၇) နေ့၊ (၀၉:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီ၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်     (မွမ်းမံ)သင်တန်း(၂/၂၀၁၇)ကို ဖွင်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြား ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ/သင်တန်းသား (၅၀) ဦးနှင့် ဌာနဆိုင်ရာများမှ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၁-၂၀၁၇) ရက်ထိ (၄) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:       မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာ အထက(ခွဲ) ကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်  (၂၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)    

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ပါလောင်း ကျေးရွာမှ ပြည်သူလူထု (၁၂၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်း ပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းများဖြန့်ဝေပေးခြင်းနှင့် ထောက်ပံ့မှုနှုန်းထား များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)    

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် လွိုင်မွေမြို့နယ်၊ တိုင်းရင်းသားလူငယ်သင်တန်းကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ သဘာဝ ဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအားရှင်းလင်းပြောကြားခြင်း၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန် များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သရုပ်ပြလေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:          ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)    

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့၊ IDP စခန်းမှ လူဦးရေ (၁၃၀) ဦးအား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

Sign Up

Upcoming Events