သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

20 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၇) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီကျေးရွာ အထက(ခွဲ) ကျောင်း၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များ အကြောင်းရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးများဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်  (၂၇၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:          ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

 

 

Sign Up

Upcoming Events