Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၂-၂၀၁၈) ရက်နေ့ တွင် သရက်မြို့နယ်၊ ရေဘွက်ကျေးရွာအုပ်စု၊ ရေဘွက်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူလူထု(၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတက်ရောက်သူများအား Win ဆပ်ပြာမှုန့်ထုပ်များနှင့် လက်ကမ်းစာစောင်များဝေငှခြင်း၊ DAN Application အသုံးပြုပုံနည်းစနစ်များဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေးနှင့် မိုးကြိုးဘေး) ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါ သည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၇-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝ‌ဘေးအသိပညာ‌ပေး‌ဟော‌ပြောကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၁၈) ရက် နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်‌‌ကျေးရွာအုပ်‌စု၊ ဂေါ်ဒူ‌ကျေးရွာတွင် သဘာဝ‌ဘေးအသိပညာ‌ပေး ဟော‌ပြောခြင်‌းများကို ဂေါ်ဒူ အလကခွဲ စာသင်‌‌ကျောင်‌းတွင်‌လည်‌း‌ကောင်‌း၊ ဘုန်‌‌တော်‌ကြီး‌ကျောင်‌းတွင် လည်‌း‌ကောင်‌း ဟော‌ပြောခဲ့ရာ မြို့အုပ်‌ချုပ်‌‌ရေးမှူးနှင်‌့ မိတ်‌ဘက်‌အဖွဲ့အစည်‌းများ၊ ကျောင်‌းသား/‌ကျောင်‌းသူ၊ ရပ်‌ရွာ ပြည်‌သူလူထု စုစုပေါင်း (၄၀၀) ဦးတက်‌‌ရောက်‌ခဲ့ကြပါသည်။ စာသင်‌‌ကျောင်‌းတွင်‌လည်‌း ငလျင်‌သရုပ်‌ပြ လေ့ကျင်‌့ခဲ့ခြင်‌း၊ သဘာဝ‌ဘေးအသိပညာ‌ပေးလက်‌ကမ်‌းစာ‌စောင်၊ ပိုစတာ၊ ဗွီနိုင်‌းမျာလည်‌းဖြန်‌့‌ဝေခြင်‌း၊ ယခုနှစ် အတွင်‌း‌ဆောက်‌လုပ်‌‌နေသည်‌့ ရှဲလ်‌တာကို အသုံးပြုပုံနည်‌းစနစ်‌များကို ဖြန့်‌‌ဝေအသိပညာ‌ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ဇေယျသီရိရပ်ကွက်၌ (၅-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀) ကျပ်တို့အား (၆-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ သောင်ပြင် ကုန်းအုပ်စု၊ ကန့်လန့်ကုန်းရွာ၌ (၂-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀) ကျပ်တို့အား (၅-၂-၂၀၁၈) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၆-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၄) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၄၂၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့မှုနှင့် နေရပ်ပြန်ပြည်သူများအား လိုက်ပါပို့ဆောင်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၅-၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၉) ဦးအား တစ်ဦးလျှင် တီရှပ် (၁)ထည် တဘက် (၁)ထည် ဆပ်ပြာ (၁)တောင့်နှင့် ဆန်ရိက္ခာ ၇ ရက်စာဖိုး (၂,၁၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ပြီး လူ (၉)ယောက်စာအတွက် ရထားလက်မှတ်ခ စုစုပေါင်း (၃၃,၃၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မင်းပြား၊ ကျောက်တော် အရာတော်၊ ထန်းတပင်၊ ရသေ့တောင်၊ မန္တလေးမြို့များသို့ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန် ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက် လျက်ရှိရာ (၅-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည့်တဲအိမ် (၁၁) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၃၀,၀၀၀) ကျပ်နှင့် ပြောင်းရွှေ့အိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ ငွေ (၄၃၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈) ရက်နေ့တွင် ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာမှ ပြည်သူလူထု (၈၀) ဦးနှင့် အ.လ.က (ခွဲ) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောပို့ချခြင်း၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်၌ (၂-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေး(၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀) ကျပ်တို့အား (၃-၂-၂၀၁၈) ရက်နေ့တွင် ကျိုက်ထို မြို့နယ်၊ ကံ့ကော်ရပ်ကွက် … Read more

Sign Up

Upcoming Events