Author Archives: Hlaing ChoOo
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၂-၂၀၁၈) ရက်နေ့(၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာမှ ပြည်သူလူထု (၅၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာ ဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ အောင်ဇေယျလမ်းတွင် (၁၉-၂-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ Family Kits (၂၆) မျိုးပါ (၁) ပုံး၊ ပလပ်စတစ်ပုံး (၁) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်တို့အား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ
၂၀-၂-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများ အခြေခံလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိခံစားနိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ တည်ထောင် ထားပြီးလုပ်ငန်းကော်မတီများဖွဲ့စည်း၍ ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ … Read more
-
ပျက်စီးသွားသော ချောင်းကူး တံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့နှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသောတံတားသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် နေ့၌ စစ်တောင်းမြစ် ဒီလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရာ အဆိုပါ တံတား (၂) စင်း အတွက် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်း အဝေးခန်းမ၌ ငွေကျပ် (၂၀၃.၉၁၈) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် … Read more
-
ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်ပြင်ကျေးရွာမှ အိမ်ထောင်စု (၆၃၀) စု၊ လူဦးရေ (၂၂၇၂) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၄၀၄) အိတ်နှင့် (၆) ပြည်တို့အား (၂၀-၂-၂၀၁၈) ရက်နေ့တွင် သွားရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ယူနီဆက် (မြန်မာ)နှင့်ဆွေးနွေး
နေပြည်တော် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက် ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှု ကာကွယ်စောင့်ရှောက်ရေးအကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့်အချက်များ၊ ထည့်သွင်းစဉ်းစား ရမည့်ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ်အစီအစဉ်ဖြင့် စီမံချက်ချရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ဦးခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲ (၂၀) ဦး၊ သင်တန်းသား/သူ (၃၀) ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ (၁၉-၂-၂၀၁၈) ရက်နေ့မှ (၂၁-၂-၂၀၁၈) ရက်နေ့အထိ (၃)ရက်ကြာ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲခေါင်းကျေးရွာအုပ်စု၊ ကျုံဖားရိုးအရှေ့စုကျေးရွာတွင် (၁၈-၂-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၆၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၀၆,၃၀၀) ကျပ်နှင့် Family Kits (၂၆) မျိုးပါ (၁) ပုံး ပလပ်စတစ်ပုံး(၁) … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ် မြေရှိ ရေမဆေးကျောက်ရှာဖွေသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ (၁၈-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၇) လုံးအတွက် (၁) လုံးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၀၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၆-၂-၂၀၁၈) ရက်နေ့ (၁၂း၄၅) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ အလျင်လို ကျေးရွာ၌ ပြည်သူလူထု (၂၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
