Author Archives: Hlaing ChoOo
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ကမ်းထောင့် ကြီးမြို့ တောင်ပိုင်းရပ်ကွက်၌ (၁၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀) ကျပ်တို့အား (၂၂-၂-၂၀၁၈) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လေးမျက်နှာမြို့နယ်၊ လက်မြန်မာအုပ်စု၊ လက်ကရင်အုပ်စု၊ စက်ကုန်းအုပ်စုများတွင် (၁၀-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈,၀၀၀) ကျပ်တို့အား လေးမျက်နှာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအတွက် ကာလလတ်စီမံကိန်းအတည်ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
၂၁.၂.၂၀၁၈၊ နေပြည်တော် နိုင်ငံတကာ သုတေသနတွေ့ရှိချက်များအရ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းစနစ်သည် ဆင်းရဲနွမ်းပါးမှုလျော့ချ ရေးနှင့် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မှုအရှိဆုံးသော နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါ သည်။ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ အစိုးရသစ်အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ဦးစား ပေးလုပ်ငန်းအနေဖြင့်သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအတွက် ကာလလတ်စီမံကိန်းအား အတည်ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ (၂၁.၂.၂၀၁၈) ရက်နေ့၌ နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ (၂၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၅) အိမ်ထောင်စာ၊ Hygiene Kit (၅) စုံ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀) နှင့် လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၀,၉၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၈) ရက်နေ့တွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ DRR Working Group လူမှုကယ်ဆယ် အသင်းများနှင့် ပြည်သူလူထု အင်အား စုစုပေါင်း (၅၀၀) ဦးခန့်ဖြင့် မော်လမြို့နယ် ဇေယျသီရိရပ်ကွက်တွင် ငလျင်အန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နောင်ဖါရပ်၌ (၁၉-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု(၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် မီးဘေးသင့် သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၀၀,၀၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ ချောင်းဝကျေးရွာအုပ်စု၊ ကုလာဘာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာ သူ/ ကျေးရွာသား (၁၀၁) ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ (၂၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ (၃) ဦးအတွက် Unicef family Kit (၂၆) မျိုးပါ (၁)ပုံး(၈၂၀၀၀)၊ ပလတ်စတစ်ပုံး (၁)ပုံး(၆၁၅၀)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀) ကျပ်နှင့် မီးလောင်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ … Read more
-
ပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေသော တာဝန်ခံဝန်ထမ်းများ၏ စွမ်းဆောင်ရည် အရေးကြီးကြောင်း လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက် အစိုးရသစ်၏ (၂) နှစ်တာကာလအတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒသစ်ချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများအနေဖြင့် လုပ်ငန်းများ တစ်ခုနှင့်တစ်ခုဆက်စပ်နေသဖြင့် အတူပူးပေါင်းဆောင်ရွက်မှသာ ရည်ရွယ်ချက်ပြည့် မြောက်အောင်မြင်မှာဖြစ်ပြီး မိမိတို့ဌာန မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နည်းတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals –SDGs) ကိုပါ ပူးတွဲ ဖော်ဆောင်ကြရမှာဖြစ်ကြောင်း၊ ပြည်သူအကျိုးရှိအောင်ဆောင်ရွက်ရာမှာ ပြည်သူများကိုယ်တိုင် သဘောပေါက်နားလည်သည်အထိ အသိပေးရန်လိုအပ်ပြီး ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင် ရန် လိုအပ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ခံဝန်ထမ်းများသည် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သက္ကလမြို့၊ အောင်မင်္ဂလာ၊ ကန်တော်မင်္ဂလာရပ်ကွက်၌ (၁၈-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးပါ (၂) ပုံး၊ Family Kits (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၂၀-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
