ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

22 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လေးမျက်နှာမြို့နယ်၊ လက်မြန်မာအုပ်စု၊ လက်ကရင်အုပ်စု၊ စက်ကုန်းအုပ်စုများတွင် (၁၀-၂-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော ကမ်းပြိုဘေးသင့်အိမ်ထောင်စု (၂၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀) ကျပ်နှင့် ဘေးသင့်လူဦးရေ (၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈,၀၀၀) ကျပ်တို့အား လေးမျက်နှာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၁-၂-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events