၂၁.၂.၂၀၁၈၊ နေပြည်တော်
နိုင်ငံတကာ သုတေသနတွေ့ရှိချက်များအရ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းစနစ်သည် ဆင်းရဲနွမ်းပါးမှုလျော့ချ ရေးနှင့် လူသားအရင်းအနှီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်မှုအရှိဆုံးသော နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါ သည်။ မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီ အစိုးရသစ်အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ဦးစား ပေးလုပ်ငန်းအနေဖြင့်သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍအတွက် ကာလလတ်စီမံကိန်းအား အတည်ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ (၂၁.၂.၂၀၁၈) ရက်နေ့၌ နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ယနေ့ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလျင်အမြန်တိုးတက်ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေ အနေများ၌ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်းနှင့် ရပ်ရွာလူ့အဖွဲ့အစည်းအား ထိခိုက်လွယ်မှုအခြေအနေများမှ အကာအကွယ်ပေးနိုင်ပေးနိုင်ဖို့အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍဟာ ပိုပြီးအရေးပါလာတာကို တွေ့ရှိရပါကြောင်း၊ မိမိနိုင်ငံမှာလည်း ဒီမိုကရေစီအစိုးရသစ် အနေဖြင့် ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့်သတ်မှတ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအဆင့်လူမှု ကာကွယ်စောင့်ရှောက် ရေးမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီကနေ့မှာလည်း လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍနဲ့ပတ်သတ်ပြီး လာမယ့်(၅)နှစ်တာကာလအတွက် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက် သွားမယ့်အစီအစဉ်ကို ကုန်ကျစရိတ်များပါ ခန့်မှန်းတွက်ချက်ပြီး ရေးဆွဲထားတဲ့ ကာလလတ်စီမံကိန်းကို ဆက်စပ် ဝန်ကြီးဌာနများနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများအကြား အတည်ပြုနိုင်ရေးဆွေးနွေးသွားကြမှာဖြစ်ပါကြောင်း၊ ဆက်လက်ပြီးဖွံံ့ဖြိုးမှုအကူအညီများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit) သို့တင်ပြ၍ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လူမှုကာကွယ်စောင့် ရှောက်ရေးကဏ္ဍဆိုင်ရာ ကာလလတ်စီမံကိန်းတွင် ပါဝင်သင့်သည့်အချက်များနှင့် ပတ်သက်ပြီး ပေါင်းပူးဆောင်ရွက်ရေး ကိစ္စရပ်များ၊ စနစ်တည်ဆောက်ခြင်းကိစ္စရပ်များနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာ သော ဘေးဒုက္ခများအားလျော့ချရေးဆိုင်ရာကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့ပါသည်။
ဆက်လက်ပြီး ယူနီဆက်(မြန်မာ)၏ ဌာနေကိုယ်စားလှယ် Ms. June Kunugiက ဆက်လက်၍အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာ၌ မြန်မာနိုင်ငံ၌ အမျိုးသားအဆင့်လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်အား စတင်အတည်ပြုထုတ် ပြန်ခဲ့ပြီးနောက်ပိုင်းတွင် အချို့သောအစီအစဉ်များကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော်ခဲ့သည်ကို သိရှိပါကြောင်း၊ ယခုကာလလတ် (၅) နှစ်စီမံကိန်းသည် အကောင်အထည်ဖော်မှု အတွက် အရေးပါသော နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကာလလတ်စီမံကိန်းကို ရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုဖိတ်ဖက်အဖွဲ့အစည်းများအနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုများမှာ နားလည် မှုပိုမိုရရှိနိုင်ပြီး ပိုမိုထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုများအား ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဖွံ့ဖြိုးမှု မိတ်ဖက် များအနေနဲ့လည်း လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ်အခြေခံပြီး ထွက်ပေါ်လာမည့် လူမှုကာကွယ် စောင့်ရှောက် ရေးကဏ္ဍ၏ ကာလလတ်စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ဆက်လက်ရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အကြံပေးပုဂ္ဂိုလ် Mr. Michael Samson က လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍ၏ ကာကလတ် စီမံကိန်းနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဖြည့်စွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်အစိုးရဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ အဖွဲ့ဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။