ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ (၂၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၅) အိမ်ထောင်စာ၊ Hygiene Kit (၅) စုံ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀) နှင့် လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၀,၉၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)