Author Archives: Hlaing ChoOo

  • ကြံဘိုကျေးရွာ မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထပ်မံထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲအုပ်စု၊ ကြံဘိုကျေးရွာ၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၅၆,၇၀၀ိ/-) ကျပ်တို့အား (၂၄-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ပြည်သူ့ လွှတ်တော် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄-၃-၂၀၁၈) ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကြံဘိုကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲအုပ်စု၊ ကြံဘိုကျေးရွာ၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စုစာအား (၂၃-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦစီးမှူးရုံး(ဘစမ)

  • ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ယာယီ) ဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ယာယီ) ကို သွားရောက်ဖွင့်လှစ်ခဲ့ရာ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရေ ပတ်ဖျက် ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဒဂုံတောင် စွယ်တော်ဘုန်းကြီးကျောင်း မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ပုဂံလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ စွယ်တော်ဘုန်းကြီးကျောင်း၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီး ကျောင်းဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး Rc သုံးထပ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-) ကျပ်နှင့် သင်္ကန်းအစုံ (၃၀) တို့အား (၂၃-၃-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more

  • ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ပြည်သူလူထု (၁၀၀) ကျော်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးချိန်၌ လုပ်ဆောင် ရမည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအားပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • မြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဖိတ်ကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နှင့် တောင်ပိုင်းခရိုင် တွံတေးမြို့ မြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၌ (၂၁-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်တို့အား (၂၂-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ အိုးအိမ်ပြင်ဆင်ခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ ဝင်များ၊ ကျေးရွာလူငယ်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events