
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲအုပ်စု၊ ကြံဘိုကျေးရွာ၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၅၆,၇၀၀ိ/-) ကျပ်တို့အား (၂၄-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦစီးမှူးရုံး(ဘစမ)