ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ပြည်သူလူထု (၁၀၀) ကျော်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးချိန်၌ လုပ်ဆောင် ရမည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအားပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)