ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ပုဂံလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ စွယ်တော်ဘုန်းကြီးကျောင်း၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီး ကျောင်းဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး Rc သုံးထပ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-) ကျပ်နှင့် သင်္ကန်းအစုံ (၃၀) တို့အား (၂၃-၃-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျောင်းထိုင် ဆရာတော်အား ဝတ္ထုငွေနှင့် သင်္ကန်းများကပ်လှူပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)