Author Archives: Hlaing ChoOo
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၃-၂၀၁၈) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ မီးသတ်ဦးစီးဌာန၊ အောင်မြင်မြို့ နာရေးကူညီမှု ပရဟိတ အသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကြာအင်း ကုန်းကျေးရွာအုပ်စုနှင့် တူမောင်ကျေးရွာအုပ်စုတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှု/ကယ်ဆယ် Rescue အဖွဲ့ (ရွှေတောင်) တို့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မမဲကျေးရွာအုပ်စု၊ အောင်မင်္ဂလာ ကျေးရွာ၌ ကြံ့ခိုင်မှုအားနည်းသော အိမ်များအား သွပ်နန်းကြိုးများ ချည်ပေးခြင်း၊ အမိုးများ မိုးပေးခြင်း၊ အကာအရံများ ကာရံပေးခြင်းတို့အား သွားရောက်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် သင်တန်းသား (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို သင်တန်းကာလ (၃) ရက်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး (၂၅-၃-၂၀၁၈) ရက်နေ့တွင် သင်တန်းဆင်းပွဲ အားကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ရေးမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)နှင့် ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေးမြို့နယ်ဦးစီး မှူးရုံး သစ်(ယာယီ)အား ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ ရုံးဖွင့်လှစ်ရသည့် အကြောင်းအရာ အသေးစိတ် အား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူးမှ ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ရေးမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ် အား အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြပါသည်။ (၂၆-၃-၂၀၁၈) … Read more
-
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်များရှိ မသန်စွမ်းသူများ၊ မိုင်းဒဏ်ကြောင့် မသန်စွမ်းသူများနှင့် အမျိုးသမီးဦးဆောင်သော မိသားစုများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြုလုပ်
၂၅-၃-၂၀၁၈၊ နေပြည်တော် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့သို့ရောက်ရှိကြပြီး မြို့နယ်အစည်းအဝေးခန်းမတွင် မိုင်းဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသော မသန်စွမ်းသူ များအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးအရ မသန်စွမ်းသူများအနေဖြင့် တန်းတူအခွင့်အရေးရှိပါ ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကိုရရှိစေရေး အတွက်ဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားအဆင့် ကော်မတီများဖွဲ့စည်းပြီး အလေးထားဆောင်ရွက်ပေး နေပါကြောင်း၊ နောင်မကြာမီကာလတွင် မသန်စွမ်း များအတွက်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး … Read more
-
ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈) ရက်နေ့၌ သီပေါမြို့တွင် ထိတွေ့မှုကြောင့် အုံမုကျေးရွာအုပ်စုနှင့် ပန်ခံကျေးရွာအုပ်စုကျေးရွာများမှ ဘော်ကြို ဆုတောင်းပြည့်ရုံနှင့် ရတနာရွှေဂူကျောင်းတိုက်တို့တွင် ထပ်မံရောက်ရှိလာသော အိမ်ထောင်စု (၁၆၄) စုမှ ကျား (၁၆၃) ဦး၊ မ (၃၉၉) ဦး၊ စုစုပေါင်း (၅၆၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး အိမ်ထောင်စု (၁၆၄) စုစာအား (၂၄-၃-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းလေ့လာမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈) ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မမဲကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမတ် (၂) ဦးအုန်းသွင်၊ NLD အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်မှ FSA အဖွဲ့၊ Myanmar Rescue အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းလေ့လာမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ရွှေဂူကျေးရွာ၌ လေပြင်း ဘေ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ်(၂) ဦးအုန်းသွင်၊ NLD အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်မှ FSA အဖွဲ့၊ Myanmar Rescue အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဈေး (၂) ရပ်ကွက် (၃) လမ်း၌ မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ၊ ပေါင်းတည်မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ ပညာရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ကြက်ခြေနီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၂၁၇) ဦးခန့်ဖြင့် မြေငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားစရာ များဝေငှပေးခဲ့ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ယာယီ) မှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့ (၁ရး၀၀) အချိန်မှ (၁၈း၀၀) နာရီအချိန်ထိ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာ၌ ပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
