ရေးမြို့နယ်ဦးစီးမှူးရုံးသစ်(ယာယီ)နှင့် ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ယာယီ) ဖွင့်လှစ်မှုသတင်း

 

26 Pic 02 26 Pic 03ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေးမြို့နယ်ဦးစီး မှူးရုံး သစ်(ယာယီ)အား ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ ရုံးဖွင့်လှစ်ရသည့် အကြောင်းအရာ အသေးစိတ် အား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူးမှ ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သဘာဝဘေးကော်မတီဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ရေးမြို့နယ်ဦးစီးမှူးရုံး ဆိုင်းဘုတ် အား အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြပါသည်။ (၂၆-၃-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးသစ် (ယာယီ) ကိုလည်း ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events