ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဈေး (၂) ရပ်ကွက် (၃) လမ်း၌ မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ၊ ပေါင်းတည်မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ ပညာရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ကြက်ခြေနီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၂၁၇) ဦးခန့်ဖြင့် မြေငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားစရာ များဝေငှပေးခဲ့ပါသည်။ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခန်းသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)