Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ရေလည်ကုန်းကျေးရွာတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ကျေးရွာသူ/ကျေးရွာသားများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ (၂၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ရေဘေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex_fld #krn_jun2018

  • ကမ်းပါးပြိုကျမှုကြောင့် ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင့်မြို့နယ်၊ စစ်တန်းကျေးရွာအုပ်စု၊ စစ်တန်းကျေးရွာ၌ (၃-၆-၂၀၁၈) ရက်နေ့တွင် ကမ်းပါးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်နေသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်အား (၆-၆-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #sgg_jun2018

  • ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင် (၁၄-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၆-၆-၂၀၁၈) ရက်နေ့တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_jun2018

  • ဖိုက်ဘာစက်လှေ (၂) စီးလွှဲပြောင်းပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ (၉-၇-၂၀၁၇) ရက်နေ့ခရီးစဉ်၌ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာနှင့် အပေါက်ဝကျေးရွာတို့မှ ပြည်သူလူထု ၏ တင်ပြ ချက်အရ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပေးပို့သောစက်လှေ (၂) စီးအား (၆-၆-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သရက်တပင်ကျေးရွာနှင့် အပေါက်ဝကျေးရွာများသို့သွား ရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #rke_jun2018

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၈-၅-၂၀၁၈)ရက်နေ့မှ (၁၈-၅-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၉၂) လုံး၊ အမိုးလန်အိမ်ခြေ (၆၄၉) လုံး၊ အိမ်ထောင်စု (၇၄၁) စု၊ လူဦးရေ (၂၇၅၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၃၄,၄၉၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅,၇၈၅,၅၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်း အတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁,၅၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁,၇၇၅,၅၀၀ိ/-) … Read more

  • မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကန်တော်ဒေသရေထိန်းကန် ရေဝင်များပြီး ရေတိုက်စားကျိုးပဲ့

    ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်မိုးဆက်တိုက်ရွာသွန်းမှုကြောင့် (၆-၆-၂၀၁၈) ရက်နေ့တွင် ကန်တော် ကျေးရွာ အုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဒေသ ထိန်းသိမ်း ကန်မှ ရေပိုရေလွှဲ ပေ(၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့်သည် နံနက် ၅နာရီခန့်က ကျိုးပဲ့ခဲ့သည်။ အဆိုပါ ရေပိုလွှဲမှရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင် အမှတ် ၁၁/၂ ကန်တော်အရှေ့ ရေကျော်တွင် ၁ပေခန့်ရေကျော်မှုဖြစ်ပွား ခြင်းကြောင့် ယာဉ်သွားမှု ခေတ္တရပ် ဆိုင်းခဲ့ရပါသည်၊၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ညောင်လေး ပင်မြို့၊ ဥတ္တရာရာမ မြောက်ကျောင်းတိုက်၌ ရပ်ရွာ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေခြင်း၊ ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #bgo_jun2018

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ (၅-၆-၂၀၁၈) ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ် ရေမြောင်းတွင်း ခြေထောက်ရေဆေးရာမှ ရေစီးနှင့်အတူ မျောပါသေဆုံးကလေး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၆-၆-၂၀၁၈) ရက်နေ့တွင် သေဆုံသူ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #shn_jun2018

  • မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

    နေပြည်တော်၊ ဇွန် ၅ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) ညှိနှိုင်းအစည်းအ‌ဝေးကို လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများကို မသန်သော်လည်း စွမ်းဆောင်နိုင်မည့်သူများဖြစ်စေရန် ပံ့ပိုး ကူညီရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကိုလည်း အပြည့်အဝဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ စနစ်တကျ လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့်ဆောင်ရွက်ရာတွင် ရှိပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မသန်စွမ်းသူများနှင့် ပံ့ပိုးကူညီသူအားလုံးသည် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) အချိန်မှ (၁၅း၄၀) နာရီအချိန်အထိ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အဆိုပါ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ တက်ရောက်နေသည့် သင်တန်းသား/သင်တန်းသူ (၃၂) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jun2018

Sign Up

Upcoming Events