
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်မိုးဆက်တိုက်ရွာသွန်းမှုကြောင့် (၆-၆-၂၀၁၈) ရက်နေ့တွင် ကန်တော် ကျေးရွာ အုပ်စု၊ ကန်တော်ကျေးရွာ၊ ကန်တော်ဒေသ ထိန်းသိမ်း ကန်မှ ရေပိုရေလွှဲ ပေ(၃၀၀)ခန့် အနက်မှ ပေ(၁၀၀) ခန့်သည် နံနက် ၅နာရီခန့်က ကျိုးပဲ့ခဲ့သည်။ အဆိုပါ ရေပိုလွှဲမှရေကျော်မှုများကြောင့် ပခုက္ကူ-ကမ္မလမ်း မိုင်တိုင် အမှတ် ၁၁/၂ ကန်တော်အရှေ့ ရေကျော်တွင် ၁ပေခန့်ရေကျော်မှုဖြစ်ပွား ခြင်းကြောင့် ယာဉ်သွားမှု ခေတ္တရပ် ဆိုင်းခဲ့ရပါသည်၊၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် ထိုရေဝင် တိုက်စား ကျိုးပဲ့သည့် ကန်တော်ဒေသရေထိန်းကန်သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းနှင့်ဦးဟန်ဇော်ဝင်း ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ဆည်မြောင်း)မှ ခရိုင်ဦးစီးမှူး ဦးဇော်ဦးနှင့် ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုကြပြီး ရေပိုလွှဲနှင့်ကန်ပေါင်များ ထပ်မံမပျက်စီးစေရန်နှင့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲမဖြစ်စေရန်တို့အတွက် လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ စက်အား၊ လူအားများဖြင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါသည်။ထိုကန်တော်ဒေသရေထိန်းကန်သည် ရေကျော်များမှုကြောင့် တာဝန်ရှိသူများမှ ဆက်လက်ထိန်းချုပ်မရဘဲ ကျိုးပဲ့သွားကြောင်း နောက်ဆုံး သတင်း အရသိရသည်။ လွန်ခဲ့သောနှစ်ပေါင်း(၇၀၀)ခန့်က အနော်ရထာမင်းတည်ဆောက်ခဲ့သော ကန်တစ်ကန်ဖြစ်ပြီး ကျေးရွာဒေသခံများမှ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ပြီး၊ ယင်းကန်သည် ရေဆင်းဧရိယာ ကျယ်ပြန့်ခြင်း ကြောင့် ရေဝင်များသည့်ကန်တစ်ခုဖြစ်ကြောင်းသိရသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mgy_jun2018