လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် (၈-၅-၂၀၁၈)ရက်နေ့မှ (၁၈-၅-၂၀၁၈) ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော ပြိုလဲအိမ်ခြေ (၉၂) လုံး၊ အမိုးလန်အိမ်ခြေ (၆၄၉) လုံး၊ အိမ်ထောင်စု (၇၄၁) စု၊ လူဦးရေ (၂၇၅၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၃၄,၄၉၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅,၇၈၅,၅၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁၅) ကျောင်း အတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၁,၅၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁,၇၇၅,၅၀၀ိ/-) ကျပ်အားလည်းကောင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ ရှမ်းခေါင်းဗြဲကျေးရွာအုပ်စုတွင် (၂၄-၅-၂၀၁၈) ရက်နေ့ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒဏ်ခံစားခဲ့ရသော အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၈,၉၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၃) အိမ်ထောင်စာတို့အားလည်းကောင်း (၆-၆-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fir
#ayy_jun2018