Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်၊ သီတာလမ်း၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာအားလည်းကောင်း၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး … Read more

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင် IDP စခန်းအား အပြီးသတ်ပိတ်သိမ်း

    စစ်တွေ၊ သြဂုတ်၁၉ရက် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောက်တော် မြို့နယ်၊ နိဒင် IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် နိဒင်ကျေးရွာအနီးတွင် နေအိမ်သစ် (၈၅) လုံး ဆောက်လုပ်ပြီးဖြစ်၍ ရခိုင်ပြည်နယ်အစိုးရက စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စု အားလုံးပြောင်းရွှေ့ပြီးဖြစ်ပါသည်။ ထိုစခန်းတွင် အိမ်ထောင်စု (၈၅) စု လူဦးရေ (၅၈၀) ကျော်ရှိပြီး၊ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်များအပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း (၂၁) ခုကျန်ရှိနေပြီး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်၍ (၁၅-၈-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ စုစုပေါင်းအင်အား (၂၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ayy_npw2018

  • ရေလှိုင်းပုတ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ သဘောဆိပ်ကျေးရွာ၌ (၁၄-၈-၂၀၁၈)ရက်နေ့တွင် မိုးရွာသွန်းမှုများပြားပြီး ဒီရေတက် ရေလှိုင်းပုတ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၄,၆၀၀/-) ကျပ်အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug2018

  • ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၃၀) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာတို့အား (၁၆-၈-၂၀၁၈) … Read more

  • လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ၊ ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်တွင် (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၄,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၄,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) … Read more

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ မြို့မ ကညင်တန်းရှိ ဟိန္ဒူ ကယ်ဆယ်ရေး စခန်းမှ လူဦးရေ (၁၂၂၅) ဦးအတွက် (၁) ပတ်စာ ဆန် (၈၉) အိတ်၊ (၇) ပြည်၊ (၆) ဘူး၊ ဆီ (၁၀၇.၁၈၇၅) ပိသာ၊ ပဲ (၄၂၈.၇၅) ပိသာနှင့် ဆား (၂၁.၄၃၇၅) ပိသာတို့အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦိးစီးမှူးရုံး(ဘစမ) … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၆-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏ သီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်ဓမ္မာရုံ၌  ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူလူထု စုစုပေါင်း (၃၅၀) ဦးအား ငလျင်ဘေး အန္တရာယ် ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း  ရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_aug2018

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁၆-၈-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မကွေးမြို့နယ်အတွင်းမှ သင်တန်းသား/သင်တန်းသူ(၃၀) ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၆-၈-၂၀၁၈) ရက်နေ့မှ (၁၈-၈-၂၀၁၈) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_aug2018

Sign Up

Upcoming Events