လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းကို (၁၆-၈-၂၀၁၈) ရက်နေ့ (၀၉း၃၀) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မကွေးမြို့နယ်အတွင်းမှ သင်တန်းသား/သင်တန်းသူ(၃၀) ဦးတက် ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၆-၈-၂၀၁၈) ရက်နေ့မှ (၁၈-၈-၂၀၁၈) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_aug2018