Author Archives: Hlaing ChoOo

  • မြန်မာရေလုပ်သားများအား သက်ဆိုင်ရာ အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံပြီး မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာရေလုပ်သား (၈) ဦးအား မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကြိုဆိုရေးအဖွဲ့ဖြင့် လက်ခံကြိုဆိုခဲ့ပြီး မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာ မိဘ/ အုပ်ထိန်းသူ ဆွေမျိုးများထံသို့ (၁၁-၉-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #tny_Sep2018

  • မြစ်ရေကြီးမှုအခြေအနေသတင်း

      ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် … Read more

  • ရေနံချောင်းမြို့နယ်အတွင်းရှိ ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကန်သာကျေးရွာရွာ၌ (၉-၉-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၂,၃၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၅၃၂,၃၀၀/-) ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၁၄) စုစာတို့အား (၁၁-၉-၂၀၁၈) … Read more

  • ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

    စက်တင်ဘာ၊ ၁၀၊ နေပြည်တော် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အစိုးရအသစ်စတင်တာဝန်ယူဆောင်ရွက်စဉ်အချိန်ကစပြီး ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်နေပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိဖို့ လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးခြင်းဆိုသည်မှာ ဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ပေးခြင်း ဖြစ်ပါကြောင်း၊ … Read more

  • သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး တက်ရောက်ဆွေးနွေးမှုသတင်း

      စက်တင်ဘာ၊ ၉ ၊ နေပြည်တော် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေတွင်ပါဝင်သည့် အချက်အလက်များကို ပြည်သူများအတွက် ပိုမိုထိရောက်သောစီမံခန့်ခွဲမှုဖြစ်စေရေးပြင်ဆင် ရေးသားရန် စိစစ်သုံးသပ်ဆွေးနွေး ခြင်းအလုပ်ရုံဆွေးနွေးပွဲအားဇူလိုင်လ (၈)ရက်မှ (၉)ရက်နေ့အထိနေပြည်တော်ရှိKempinski Hotel ၌ ကျင်းပရာဆွေးနွေးပွဲဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ ဘေးအန္တရာယ်ဟု ဆိုရာ တွင် သဘာ၀ဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သောဘေးများကိုလည်းထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၊ ဥပဒေအမည်ကိုလဲကိုက်ညီအောင် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန် တွင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူများအနေဖြင့် ဆောင်ရန်/ရှောင်ရန် လုပ်ငန်းများကို သိရှိ လိုက်နာရန်လိုအပ်ကြောင်း၊ ဥပဒေကိုပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများကိုပြုလုပ်ရာတွင် တည်မြဲ အမိန့် များကိုပါ … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းအုပ်စု၊ သောင်ပြင် ကုန်း ကျေးရွာနှင့် ကန့်လန့်ကုန်းကျေးရွာတို့၌ (၅-၉-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့ခဲ့ရသော နေအိမ် (၂) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၇-၉-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha-rbe #bgo_sep2018

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကာလီမယ်တော်ဟိန္ဒူဘုရားကျောင်း ဂေါပကထံတွင် ခေတ္တထိန်းသိမ်းထားသည့် ရေမျောဒုက္ခသည် အိန္ဒိယနိုင်ငံသား (၁) ဦးအတါက် ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-) ကျပ်အား (၇-၉-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2018

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာ၌ (၃၀-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်း(၇၅၄,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး(၇)အိမ်ထောင်စာတို့အား (၃-၉-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_sep2018

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၁၀) ရွာတို့၌ (၃၁-၈-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးမှ ရေဘေးသင့်ပြည်သူ (၁၄၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃,၀၆၆,၀၀၀/-) ကျပ်အား (၃-၉-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #bgo_sep2018

Sign Up

Upcoming Events