Author Archives: Hlaing ChoOo
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦး ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၂-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် ကျောက်ကျပ် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌လည်းကောင်း (၁-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်း၌လည်းကောင်း သဘာဝဘေးလျော့ပါးရေးအသိပညာ ပေးဟောပြောပွဲ များပြုလုပ်ခဲ့ရာ ဌာနမှတာဝန်ရှိသူများမှ ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးများအပါအဝင် သဘာဝဘေးများ နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ကျေးရွာသူ/ ကျေးရွာသား … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ လမ်းခွကျေးရွာအုပ်စု၊ နတ်ရေတွင်းကျေးရွာ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် Family Kits (၁) ပုံးတို့အား (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fir #sgg_dec2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ လုပ်ငန်းခွင်ဝင် မိခင်များ၏ ကလေးသူငယ်များအား စနစ်တကျစောင့်ရှောက်ရေး ဆွေးနွေးဆောင်ရွက်မှုသတင်း
ဒီဇင်ဘာ ၁၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ကျောက်ဖြူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် (၂) နှစ်အထိ ငွေကြေး ထောက်ပံ့ခြင်းနှင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်း ထောက်ပံ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက် ပိုင်းက ယပ်လှဲကျောင်းတိုက်သို့သွားရောက်၍ နိုင်ငံတော် သံဃ မဟာနာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုပြီး သင်္ကန်နှင့် … Read more
-
မီးဘေးသင့် ရေပူကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးလောင်ကျွမ်းခဲ့သော အေးငြိမ်းချမ်းသာ စမ်းသီတာဆွမ်းစားဆောင်အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀/-) ကျပ် အား (၃၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရေပူကျေးရွာဘုန်းကြီးကျောင်း … Read more
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာအား (၃၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fir #tny_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့ အထက နမ့်ခုတ်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင် များပေးဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့ အထက (၂) ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင် များပေးဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ အထက အုန်းပင်ကွင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အဆိုပါကျောင်းအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ရေဖြူမြို့နယ်၊ ကံပေါက် ကျေးရွာ၊ အထက ကံပေါက်၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး အဆိုပါကျောင်း အတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_nov2018
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာ၊ အမှတ် (၄) အထပ်သားစက်ရုံ၌ (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင် ကျွမ်းပျက်စီးခဲ့သည့် ဝန်ထမ်းလိုင်းခန်း (၃) ခန်းတွဲ (၂) ထပ် (၁) လုံးမှ အိမ်ထောင်စု (၅) စုရှိ လူဦးရေ (၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ … Read more
