သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့ အထက နမ့်ခုတ်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင် များပေးဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_nov2018

Sign Up

Upcoming Events