လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးလောင်ကျွမ်းခဲ့သော အေးငြိမ်းချမ်းသာ စမ်းသီတာဆွမ်းစားဆောင်အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀/-) ကျပ် အား (၃၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရေပူကျေးရွာဘုန်းကြီးကျောင်း ရေပူဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာတော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#krn_nov2018