Author Archives: Hlaing ChoOo

  •   မြစ်ရေကြီးခြင်း သတိပေးချက်

      မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင်  မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ တွင် (၃)ပေခန့်၊ ဗန်းမော်မြို့တွင် (၇) ပေခွဲခန့်နှင့် ရွှေကူမြို့တွင် (၄)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်‌ အသီးသီးအောက်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေများသည် မြစ်ကြီးနားမြို့နှင့် ရွှေကူမြို့တို့တွင် နောက်(၂)ရက်အတွင်းနှင့် ဗန်းမော်မြို့တွင် နောက်(၃)ရက်အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ပါသည်။ … Read more

  • မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၉)

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးကြီးမည့်သတိပေးချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်- (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံဘက်မှ တိုးဝင်လာသော မုတ်သုံလေဖိအားနည်းမြှောင်တန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်သန်းနေသည့်အတွက် ယနေ့နေ့လယ်မှ နောက်(၇၂) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ (ခ) စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၃) လက်မ (၇၇-မီလီမီတာ) နှင့်အထက် ရွာသွန်းနိုင်ပါသည်။

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ==================================================== အကြံပြုချက် သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/၀၆၇၃၄၀၄၇၇၇ တို့သို့ … Read more

  • Shelter Multi Purpose တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဘိုကလေးမြို့နယ် Shelter တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ဂုဏ်ဟိန်းသစ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပိုးလောင်းရွာမကျေးရွာ Shelter ၊ ကျွန်းညိုကြီးကျေးရွာအုစု၊ လတချောင်ကျေးရွာ Shelter၊ ပျဉ်းမကုန်းကျေးရွာ Shelter Multi Purpose အမျိုးအစား (၃) လုံး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းညွှန်မှာကြားမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019

  • ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖာပွန်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၁၀-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဖာပွန်မြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း၊ အနောက်ဘက်ကမ်းတွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကို ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_simex #krn_jul2019

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြစ်ရေ လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း (၅) ခု ဖွင့်လှစ်ထားရှိခဲ့ရာ (၉-၇-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးစခန်း (၅) ခုသို့ ရောက်ရှိနေသော ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စု (၁၆၁) စု၊ လူဦးရေ (၆၈၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၄၃၈,၅၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ မင်းလက်ပံကျေးရွာ မင်းလက်ပံ (အ.ထ.က) ရှိ ကျောင်းသား/သူ (၂၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၄:၃၀) နာရီအချိန်တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက်၊ အ.ထ.က(ဘောလခဲ)ကျောင်းရှိ အစည်းအဝေးခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူ (၂၃၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဘော်လခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019

  • လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေး ရွာအုပ်စု၊ ပိုးလောင်းကျေးရွာ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more

Sign Up

Upcoming Events