Author Archives: Hlaing ChoOo
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဖျာပုံမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အမှတ် (၂) ခန်းမ၌ ကျောင်းသား/သူ (၅၀၀) ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးအဖြစ် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအကြောင်း သိကောင်းစရာများ အား ဗီဒီယိုဖိုင်များဖြင့် ပြသဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019
-
ငလျင်အသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ရှုခင်းသာဂေါက်ကွင်းအတက် လမ်းဆုံတွင် ငလျင်အသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်အား အသစ် ပြန်လည်စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နားအွန်တွင် ကျောင်းသား/သူ (၂၀၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ပညာပေး ဗွီဒီယို များပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ် ခြင်းများကို … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ အုပ်စု၊ လက်ပံတန်းကျေးရွာ၌ (၉-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်တို့အား (၁၁-၇-၂၀၁၉) ရက်နေ့၊ (၁၅း၁၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာ၌ (၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၄) လုံး၊ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၂၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အလယ်ဘုတ် ကျေးရွာအုပ်စုနှင့် မလေးရှားဝိုင်ကျေးရွာအုပ်စုတို့တွင် (၁-၇-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ် (၈) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီး၍ နေအိမ် (၁) လုံးပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၂) ဦးတို့ လေဘေးသင့်ခဲ့ပြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျွဲဘုတ်ကျေးရွာအုပ်စုအတွင်း၌ (၇-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် … Read more
-
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
ခန္တီးခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ခန္တီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွင်းခြင်း၊ ချင်းတွင်းမြစ်ရေ သည် စိုးရိမ်ရေအမှတ် နီးလာခြင်းတို့ကြောင့် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရေးဘေးကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ၊ မီးသတ်ဦးစီးဌာန၊ ခန္တီးမြို့ပေါ် (၃) ရပ်ကွက်နှင့် ဆင်သေကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၀-၇-၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုငးတွင် ရပ်စောက်မြို့နယ်၊ အ.လ.က ခွဲ (လွယ်ဆင်)၌ ကျောင်းသား/သူ (၁၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီဒီယိုပြသခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jul2019
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
ရေကြီး/လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ မြို့မ(၁)ရပ်ကွက်နှင့် မြို့မ(၂)ရပ်ကွက်တို့၌ (၈-၇-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသော ရေဘေးသင့်ပြည်သူ (၅၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၉,၂၀၀/-) ကျပ်တို့အား (၁၀-၇-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ညောင်လေးပင်မြို့နယ်၊ စည်ပင်ခန်းမ၌ ထောက်ပံ့မှုအခမ်းအနား ပြုလုပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ … Read more
