Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အ.ထ.က (၂) မှ ကျောင်းသား/သူ (၁၅၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်ပါက ပြုမူနေထိုင်ရမည့် ပုံစံတို့အား လက်တွေ့သရုပ်ပြသခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jul2019

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အင်္ဂလာကျေးရွာအုပ်စု၊ အင်္ဂလာတောင် ကျေးရွာနှင့် တော်ကွဲကျေးရွာအုပ်စု တော်ကွဲကျေးရွာတို့၌ (၂၄-၇-၂၀၁၉) ရက်နေ့တို့၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀,ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၉,၄၀ဝ/-)ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၅းဝဝ) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာ … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာအုပ်စု၊ ရေပူကြီးကျေးရွာ၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀/-) ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more

  • စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေမြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် စစ်တွေခရိုင် အတွင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင် ရန်အတွက် စစ်တွေမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေမြို့နယ်ဦးစီးမှူးရုံးတို့အား ပြည်နယ် ဦးစီးမှူးဦးဆောင်၍ ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရုံးဖွင့်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #rke_jul2019

  • ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ချောက်မြို့၊ အမှတ် (၁၄) ရပ်ကွက်၌ (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ် ပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀/-) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၃းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019

  • သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင်‌့ပူး‌ပေါင်‌း၍ (၂၅-၇-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ကော့စံနိုင်ရပ်ကွက်၊ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/ကျောင်းသူဦးရေ (၂၅၀) ဦးခန့်အား သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး ‌ဟော‌ပြောပွဲကျင်‌းပခြင်းနှင့် အသိပညာပေးလက်ကမ်‌းစာ‌စောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာ တက်‌‌ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ (၁၂၀) ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် (၂၄-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၆၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်းထောက်ပံ့ငွေ (၁၄၂,၈၀၀/-) ကျပ်တို့အား (၂၅-၇-၂၀၁၉) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_jul2019

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်၌် (၂၃-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်ခန့်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကံမမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ လူနေအိမ် (၃၆) လုံး၊ အိမ်ထောင်စု (၃၆) စု၊ ရေဘေးသင့်လူဦးရေ (၁၄၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉၈,၂၀၀/-) ကျပ်တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်တို့၌ (၂၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁၆) လုံးနှင့် လူဦးရေ (၇၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ စုစုပေါင်း (၅၇၃,၃၀၀/-) ကျပ် တို့အား (၂၄-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_jul2019

Sign Up

Upcoming Events