ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်အတွင်း ချောင်းစပ်နားရှိ ရေမသန့်သည့် ရပ်ကွက်/ကျေးရွာ(၈)ခုသို့ unicef မှလှူဒါန်းသည့် ရေသန့်ဆေး(၂၄၀)ထုပ်ပါ(၂၀)ဖာအား မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #tny_dec2020

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု online သင်တန်းကျင်းပပြုလုပ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ SEED Asia နှင့်ပူးပေါင်း၍ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ ဝါးဘို့ခြင်ဘို့ကျေးရွာရှိ ဆရာ/မများ၊ ရပ်ရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ရပ်ရွာလူထုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို (၂၂-၁၂-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်မှ(၁၆း၃၀)နာရီအချိန်ထိ Online သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းအားတက်ရောက်လူဦးရေ(၃၃)ဦးဖြင့် Covid-19ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျား ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၀၀/-) ကျပ်အား (၂၂-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020

  • လက်သန့်ဆေးရည်ဘူးများ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် တမူးမြို့နယ် ပြည်သူ့ဆေးရုံသို့ လက်သန့်ဆေးရည်(၃ဝ)ဘူး / တမူးမြို့ BRTF တွင်ဖွင့်လှစ်ထားသော Quarantine Centre အတွက်(၃ဝ)ဘူး/တမူးမြို့ ပြည်သူ့အငှား အိမ်ရာတွင် ဖွင့်လှစ် ထားသော Quarantine Centreအတွက် လက်သန့်ဆေးရည် (၃၀)ဘူးတို့အား ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source:  တမူးခရိုင်ဦးစီးမှူးရုံးမှူးရုံး (ဘစမ)

  • Covid-19 အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် COVID-19 ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း အား တိုင်သာကျေးရွာ၊ လောသာကျေးရွာ စသည့်ကျေးရွာတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တို့နှင့်အတူ အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်း စာ စောင် များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်များအား သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၅၀)ဖာ နှင့် သန်လျင်မြို့နယ်၊ သဘာဝတရားရိပ်သာသို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၄၆)ဖာ၊ စုစုပေါင်း (၉၆)ဖာ တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2020