ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကျောက်ကြီးလမ်းခွဲ တွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၉ပေ×၆ပေ) အား စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၀-၁၂-၂၀၂၀) ရက်နေ့၌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ခြံကြီးကျေးရွာအုပ်စု၊ ခြံကြီးကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ နတ်ရွာကျေးရွာအုပ်စု၊ နတ်ရွာကျေးရွာ၊ ရှားစေးဘို ကျေးရွာအုပ်စု၊ ရှားစေးဘိုကျေးရွာ၊ ရေလျှံကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် တောကုန်း ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအားလည်းကောင်းအသိပညာပေး ဆော်ဩခဲ့ပြီး ပြည်သူလူထုအား Mask များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀)ရက်နေ့မှ (၇-၁၂-၂၀၂၀)ရက်နေ့အထိ၌ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သက္ကယ်ပြင်အုပ်စု၊ ပေါ်သစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၄၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၈၇၀၀/-)ကျပ်တို့ကို (၁၀-၁၂-၂၀၂၀)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပေါ်သစ်ကျေးရွာ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020

  • ငလျင်ဘေးနှင့်မီးဘေး ဗီနိုင်းပိုစတာများချိတ်ဆွဲအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၁၂ – ၂၀၂၀)ရက်နေ့တွင် ပြည်သူများအား သဘာ၀ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား လေ့လာကြည့်ရှု့နိုင်ရန်အတွက် ယင်းမာပင်မြို့၊ ယင်းမာပင်-ပုလဲ လမ်းမကြီး ဘေးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြော်ငြာသင်ပုန်းတွင် ငလျင်ဘေးနှင့် မီးဘေး ဗီနိုင်းများအားချိတ်ဆွဲအသိပညာ‌ ပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်း‌မော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗန်း‌မော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ ဧရာ၀တီမြစ်‌ရေ တိုက်စားမှု‌ကြောင့် ကမ်းပါးအနီးတွင်‌နေထိုင်‌သော လူနေအိမ်(၂)လုံး ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် တစ်ဦးလျှင်(၂,၁၀ဝိ/-) ကျပ်နှုန်းဖြင့် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်‌ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်း (၂၃၁,၅၀ဝိ/-) ကျပ်အား (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်တွင် (၈.၁၂.၂၀၂၀) ရက်နေ့၌ မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၄၂၀၀ိ/-)အား (၉.၁၂.၂၀၂၀)ရက်နေ့(၁၃း၃၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_dec2020 Source:             ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)