လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ SEED Asia နှင့်ပူးပေါင်း၍ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ ဝါးဘို့ခြင်ဘို့ကျေးရွာရှိ ဆရာ/မများ၊ ရပ်ရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်ရပ်ရွာလူထုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကို (၂၂-၁၂-၂၀၂၀) ရက်နေ့(၀၉း၃၀)နာရီအချိန်မှ(၁၆း၃၀)နာရီအချိန်ထိ Online သင်တန်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းအားတက်ရောက်လူဦးရေ(၃၃)ဦးဖြင့် Covid-19ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_dec2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)