ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လက်သန့်ဆေးရည်ဘူးများလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်အတူ မုံရွာမြို့၊ ဒေါနခြံ ရပ်ကွက်ရှိ Quarantine Center သို့ လက်သန့်ဆေးရည် (၃၀) ဘူးနှင့် မုံရွာမြို့ အဝင်/အထွက်စစ်ဆေးရေးဂိတ်(အလုံ)သို့ လက်သန့်ဆေးရည် (၁၀) ဘူး သွားရောက် လှူဒါန်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #sgg_dec2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ကုက္ကိုကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား COVID19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်ဆော်သြခြင်း၊ သဘာဝဘေးနှင့်ပတ် သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အလို့ငှာ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၅၅)ရပ်ကွက်၊ ဗြမ္မစိုရ်လမ်းတွင် (၂၅-၁၂-၂၀၂၀)ရက်နေ့ (၀၈:၅၃)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦး မီးဘေးသင့်ခဲ့ပါသဖြင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စုစာတို့အား ဘေးသင့်ပြည်သူများထံသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၂၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် သွားရောက်၍ ထောင်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_dec2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအုပ်စု၊ ဇယ်ဘန်ကောက်ကျေးရွာ၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်များ၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် အမာမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်းကျေးရွာ၌ ရေသန့်ဆေးထုပ် (၃)ဘူး၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်း(၁)ခုနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်များ၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် အမာမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ခေတ္တာကျွန်းကျေးရွာ၌ ရေသန့်ဆေးထုပ် (၃)ဘူး၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး ဗီနိုင်း(၁)ခုနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)