ရေသန့်ဆေးထုပ်များ၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် အမာမြို့နယ်၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင့်ကြီးတန်းကျေးရွာ၌ ရေသန့်ဆေးထုပ် (၃)ဘူး၊ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိုင်း(၁)ခုနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_dec2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events