Latest News
-
သဘာဝဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်များအသစ်လဲလှယ်ခြင်းနှင့် Covid-19 အသိပညာပေး ပိုစတာများ ချိတ်ဆွဲဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့၌ ပခုက္ကူမြို့၊ မြိုင်လမ်းဆုံနှင့် ပခုက္ကူမြို့ဆေးရုံကြီးတွင် စိုက်ထူ ထားရှိသော မီးဘေးနှင့်လေဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား အသစ်လဲလှယ်ခြင်းနှင့် Covid-19 အသိပညာပေး ပိုစတာများအား မြိုင်လမ်းနှင့် ထင်းတန်းလမ်းတို့တွင် ချိတ်ဆွဲခြင်း များပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020
-
ရေသန့်ဆေးဘူးများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပေါက်မြို့နယ်၊ သပွတ်စု ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းသို့ ရေသန့်ဆေး (၂၄၀) ထုပ်ပါ ဆေးဘူး (၅) ဖာအား သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_dec2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀) ရက်နေ့၌ ဟိုပန်မြို့နယ်၊ ကောင်းဟုန်းရပ်ကွက်နှင့် မန်မိုင်ရပ်ကွက် တို့တွင် Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇- ၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အတွင်းရှိအနောက်ဘက်ကမ်းကျေးရွာ၊ ဝှေနောင်ကျေးရွာ၊ မဲသလွတ်ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာများသို့ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မုဒုံမြို့နယ်အတွင်း ပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် မုဒုံမြို့၊ ကန်ကြီးဘုရားရှေ့၊ သာသနာ့ဗိမာန်အနီးတွင် စိုက်ထူထားသော မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲတပ်ဆင် စိုက်ထူပြီးဖြစ်ပါကြောင်းနှင့် မုဒုံမြို့၊ ရွှေဟင်္သာဈေးရှေ့တွင် မီးဘေးဗီနိုင်းပိုစတာ (၉x၆)ပေ ဆိုင်းဘုတ်(၁)ခုအား ထပ်မံစိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၁၂.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ လယ်ဝိုင်းကျေးရွာ၊ ရွာသစ်မြို့ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ ဝမ်လွဲ့ကျေးရွာ၊ ဝမ်ဟော်ကျေးရွာ၊ နမ့်မလင်းကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









