ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(တောင်ပိုင်း) ရှိ အိမ်ခြေ (၁၀၅) လုံး၊ အိမ်ထောင်စု(၁၁၇) စု၊ လူဦးရေ (၅၃၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား (၂၈-၁၂-၂၀၂၀) ရက်နေ့ ( ၁၁ : ၃၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ) #ha_drg #mgy_dec2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အုတ်ဖိုမြို့နယ် တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ မီး‌ဘေးသင့်ပျက်စီး‌ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ မီးဘေးသင့်လူဦးရေ‌ (၂၂) ဦးအတွက် ဆန်ဖိုး (၄၆,၂၀၀) ကျပ်၊ စုစုပေါင်း (၇၄၆,၂၀၀)ကျပ်၊ ပစ္စည်း (၁၉) မျိုးပါ (၇) အိမ်ထောင်စုစာအား (၂၈-၁၂-၂၀၂၀) ရက်‌နေ့ (၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာ‌ အောင်သပြေကျေးမူလတန်းကျောင်းတွင် ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်၊ … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးမှ  (၂၇.၁၂.၂၀၂၀) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ကောလင်းမြို့နယ်၊ ဝါးသီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား  COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလှည့်လည် ဆော်သြခဲ့ပြီး၊ သဘာဝဘေးနှင့်ပတ်သက်၍လည်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် သဘာဝဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ပိုစတာများကပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးနှင့် မိုးခေါင်ရေရှားဘေးအန္တရာယ်အသိပညာပေးဗီနိုင်းအား ပေးအပ်မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာတွင် ရေသန့်ဆေးထုတ်ဘူး(၃)ဘူး၊ မိုးခေါင်ရေရှားဘေးအန္တရာယ်အသိပညာပေးဗီနိူင်း(၁)ခုနှင့်လက်ကမ်းရာစောင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020

  • ရေသန့်ဆေးနှင့် မိုးခေါင်ရေရှားဘေးအန္တရာယ်အသိပညာပေးဗီနိုင်းအား ပေးအပ်မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့၊ လက်ပံကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာတွင် ရေသန့်ဆေးထုတ်ဘူး(၃)ဘူး၊ မိုးခေါင်ရေရှားဘေးအန္တရာယ်အသိပညာပေးဗီနိူင်း(၁)ခုနှင့်လက်ကမ်းရာစောင်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020

  • လက်သန့်ဆေးရည် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၇.၁၂.၂၀၂၀)နေ့(၁၀း၀၀)နာရီအချိန်တွင် ကသာမြို့နယ်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ လက်သန့်ဆေးရည်ဘူး(၆၀)ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)