
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အုတ်ဖိုမြို့နယ် တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ မီးဘေးသင့်ပျက်စီး နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀) ကျပ်၊ မီးဘေးသင့်လူဦးရေ (၂၂) ဦးအတွက် ဆန်ဖိုး (၄၆,၂၀၀) ကျပ်၊ စုစုပေါင်း (၇၄၆,၂၀၀)ကျပ်၊ ပစ္စည်း (၁၉) မျိုးပါ (၇) အိမ်ထောင်စုစာအား (၂၈-၁၂-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာ အောင်သပြေကျေးမူလတန်းကျောင်းတွင် ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်၊ ပညာရေး၊ သစ်တော၊ မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက် ထောက့်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_dec2020