ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဒေးဒရဲမြိုနယ်၊ သောကြာကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာတွင် Myanmar Land Developement Co,Ltd မှ တာဝန်ယူတည်ဆောက်နေသော School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_jan2021

  • သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဖျာပုံမြို့၊ သောကြာကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ရေသန့်ဆေးထုတ်ဘူး(၃)ဘူး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိူင်း (၁) ခုနှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2021

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊‌ သပြေချောင်းကျေးရွာ၊ ရတနာလမ်းသွယ်၌၊ (၁၂-၁-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၁၂-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021  Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၌ (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၀၄:၁၀) နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသည့် ဘာသာရေးကျောင်း (၁)လုံးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ဖြိုဖျက်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ သေဆုံးသူ (၂)ဦးအတွက် … Read more

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် ပင်လုံမြို့၊ နောင်ဟူးကျေးရွာ၊ (ဟိုခိုက်အနာကြီးရောဂါကုဂေဟာ) (LenerColony) သို့ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါ လက်သန့်ဆေးရည်များ၊ ဆပ်ပြာထုပ်ကြီး(၈)ထုပ်ပါတစ်အိတ်၊ ကြွေဆေးရည်ဘူးများ၊ (Dettol)ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာတို့ အား တာဝန်ရှိသူထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍လက်သန့်ဆေးရည်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် hand sanitizer များအား ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာအုပ်စု၊ ဖောင်းကတာ မြောက်ကျေးရွာ Quarantine Centreအတွက် (၅)ဘူး၊ ဆားလင်းကြီး လူမှုကူညီရေးအသင်းကွန်ယက်သို့ (၂၀) ဘူး၊ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021