လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၁) ရက်နေ့တွင် မြိတ်မြို့၊ ကုန်စိမ်းဈေး၊ တောရကျောင်းဈေး၊ တပ်ပြင်ဈေး၊ ပါရမီဈေးနှင့် မြို့သစ်ဈေးတို့၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မီးဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် Mask များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)