Latest News
-
မြစ်ရေကြီးခြင်း သတိပေးချက်သတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း (၁)ပေခွဲခန့်ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ရေနွေးကျေးရွာ၊ တောင်ခြေကျေးရွာနှင့် ဖက်နံကျေးရွာတို့တွင် Covid – 19 ရောဂါ တတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားေစရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးခြင်း သတိပေးချက်သတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ (၀၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ====================== ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရသောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၈)ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း(၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးခြင်းသတိပေးချက် သတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်၊ (၀၉:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည်ဘားအံမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃.၇.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စု၊ ကျေးရွာအနောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးများလန်ထွက်ပျက်စီး ပျောက်ဆုံးခဲ့ သည့် လူနေအိမ်(၁၂)လုံးမှ အိမ်ထောင်စု(၁၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄၇)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၉၈,၇၀ဝိ/-)အားလည်းကောင်း၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် နေအိမ်အမိုးများ လန်ထွက်ပျက်စီးပျောက်ဆုံးခဲ့သည့် လူနေအိမ်(၃)လုံးမှ အိမ်ထောင်စု(၃)စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၅,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၁၄)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၂၉,၄၀ဝိ/-)တို့အား … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာအုပ်စု၊ ကျေးရွာအရှေ့ပိုင်း၊ ကွက်သစ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၄၆,၀၃၆/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ (၈,၄၀ဝိ/-)တို့အား (၂၆.၇.၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူထံလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး … Read more









