ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ရောဂါ ကုသရေစင်တာအတွက် အသုံးအဆောင်များနှင့် မိုးကာတဲတပ်ဆင်ပြီးစီးမှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်မြို့နယ် Covid-19 ရောဂါ ကုသရေးစင်တာတွင် လူနာများ၏ ပစ္စည်းနှင့်အစားအသောက်များ လက်ခံရန်နေရာအတွက် မိုးကာတဲ(၂)လုံးအား (၂၆-၇-၂၀၂၁)ရက်နေ့ ညနေပိုင်းတွင် သွားရောက်တပ်ဆင် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jul2021 Source: ရန်ကုန်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်း သတိပေးချက်သတင်း

     (၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  (၂၈) ရက်၊ (၁၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== စစ်တောင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ =================== ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၁)ရက်အတွင်း(၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ =================== ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁၀) ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပါသည်။ … Read more

  • Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊‌ ကောင်းရွေးကျေးရွာ၊ လွယ်ကောင်းကြီးကျေးရွာနှင့် တောင်ကြီးမြို့ပေါ်ရှိ ယာယီပျံကျဈေးများတို့်တွင် Covid – 19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19ရောဂါ အသိပညာပေး လက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးနှင့်လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂/၂၃-၇-၂၀၂၁)ရက်နေ့ တို့၌ လက်ပံတန်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် မိုးကြိုးဘေးမှသေဆုံးသူ(၁)ဦး၊ လေဘေးမှသေဆုံးသူ(၂)ဦးနှင့် ပြိုလဲနေအိမ်(၂)လုံး အမိုးလန်(၁၄)လုံး၊ လူဦးရေ(၆၄)ဦး တို့အတွက် ဆန်ဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် သေဆုံးထောက်ပံ့ငွေစုစုပေါင်း(၁၇၈၄၄၀ဝိ/-)အား ( ၂၇-၇-၂၀၂၁)ရက် နေ့တွင် ထောက်ပံပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ha_tls #bgo_jul2021 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================= ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေ နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေအနီးတို့တွင် ဆက်လက်တည်ရှိနေပါသည်။

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၇-၂၀၂၁)ရက်နေ့၊ (၀၆:ဝ၀)နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ​​ကော့ကရင် ကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၅၀၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၁)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀ဝ/-) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၅၂၁၀ဝ/-)ကျပ်အားလည်းကောင်း (၂၁-၇-၂၀၂၁)ရက်နေ့(၀၇:၃၀)နာရီ   အချိန်ခန့်တွင် ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာအုပ်စုတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်တစိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၄၁၈၀၀ဝ/-)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၃၆)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ … Read more