Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မြေငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မြေငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲဝင်များနှင့်အတူ (၂၂-၉-၂၀၂၁) ရက်နေ့ (၀၉း၃၀) နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာလူငယ်စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် (၂၂-၉-၂၀၂၁) ရက်နေ့ (၁၄း၀၀) နာရီအချိန်မှ (၁၆း၃၀)နာရီအချိန်တို့တွင် သက်ဆိုင်ရာဒီဂရီကောလိပ်နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊နည်းပြများ၊ ဝန်ထမ်းများနှင့်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် ခဲ့ပြီး ဘေး … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခင်ဦးမြို့နယ်၊ ကျီးကန်ကျေးရွာအုပ်စု၊ ရေအေးကုန်းကျေးရွာတွင် (၂၂-၉-၂၀၂၁)ရက်နေ့(၀၇:၀၀)အချိန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံ၍ ချောင်းပေါက်ကာ ကျေးရွာအတွင်း ရေများဝင်ရောက်သဖြင့် အိမ်ထောက်တိုင်များကျိုးပြီး ပြိုကျပျက်စီးမှုဖြစ်ပွားသည့် အိမ်ခြေ(၂)လုံး၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၂)အိမ်ထောင်စာတို့အား (၂၂-၉-၂၀၂၁)ရက်နေ့(၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_sep_2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် COVID-19 အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးနှင့် စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူ-စလင်း ကားလမ်းဘေး မီးပွိုင့်အနီး၊ ပွင့်ဖြုမြို့၊ လေးတိုင်စင်လမ်းဘေး၊ စလင်းမြို့၊ မြို့မစျေးကြီးရှေ့နှင့် ဝက်သည်းကန်ရှေ့တို့တွင် ရေဘေးအန္တရာယ်အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များနှင့် Covid- 19 အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၂-၉-၂၀၂၁)ရက်နေ့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #ar #mgy_sep2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)အချိန် မှ (၁၅:၃၀)အချိန်အထိ ပေါင်းတည်မြို့နယ်၊ ရပ်ကွက်(၆)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep_2021 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁)ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၂:၀၀)အချိန်အထိ အုတ်တွင်းမြို့နယ်၊ ကြံခင်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ပိတောက်ကုန်း ကျေးရွာ အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာနှင့် ကမ်းနီကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့်လှည့်လည်အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး (ဘစမ)









