ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈.၁.၂၀၂၂)ရက်နေ့၊ (၁၆:၂၀)နာရီအချိန်တွင် ဖြစ်ပွားသော ရန်ကုန်‌‌အ‌‌နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် မီးလောင်ကျွမ်းမှု‌ကြောင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၉၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၉၄၀ဝိ/-)ကျပ်အား (၂၀.၁.၂၀၂၂)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင်‌ မရမ်းကုန်းမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jan_2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဗီနိုင်းပိုစတာများစိုက်ထူမှုသတင်း

    #ar #ygn_jan2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၂၂) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာများရရှိစေရေးအတွက် ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ ကြိုတင်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားပြီး နောက် ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရန် စသည့် ဆောင်ရန်/ ရှောင်ရန် အချက် များပါဝင်သည့် ဗီနိုင်းပိုစတာများကို ရန်ကုန်တိုင်းဒေသကြီး(အရှေ့ပိုင်းခရိုင်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်အတွင်းရှိ (၄)ထပ်စာသင်ဆောင်၊ အင်ဂျင်နီယာစာသင်ဆောင်ရှေ့နှင့် ကောလိပ်အတွင်းလမ်းဆုံတို့၌ စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • သဘာဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆွေးနွေးတင်ပြခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးစိုးလှိုင်သည် (၁၇-၁-၂၀၂၂ ) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၃၀)နာရီအချိန်အထိ‌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့(မြို့တော်ခန်းမ)၌   ကျင်းပပြုလုပ်သော စစ်ကိုင်းခရိုင်အတွင်း သဘာဝဘေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်၍ သဘာဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆွေးနွေးတင်ပြခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2022 Source:       စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်သင်ခန်းစာပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးသည် (၁၄-၁-၂၀၂၂ )ရက်နေ့ (၁၂:၅၀) နာရီမှ (၁၆:၀၀)နာရီအထိ‌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်မြို့)၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း( ၇၆ ) ဦးအား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်သင်ခန်းစာအား ပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Jan2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုင်းနင်းမိ၍ ခြေထောက်ပြတ်ရှသူအား ထောက်ပံ့မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၂) ရက်နေ့(၁၇:၂၅)ချိန်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာနေ ဦးအိုက်လျိုဆာ၊ အသက်(၂၆)နှစ်၊ ပလောင်/ ဗုဒ္ဓသည် တောထဲသို့ထင်းခုတ်သွားရာ၌ မိုင်းနင်းမိ၍ ယာဘက်ခြေကျင်းဝတ်အထက်မှပြတ်ရှခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိရာ အဆိုပါပြည်သူအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်အား (၁၃-၁-၂၀၂၂)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_jan_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၂/၂၀၂၂)

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် လေဖိအားနည်းချိုင့်ဝှမ်း၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရေခိုး၊ ရေငွေ့ပါသည့်လေများ တိုက်ခတ်လာခြင်းကြောင့်လည်းကောင်း (၁၄.၁.၂၀၂၂)ရက်နေ့မှ (၁၉.၁.၂၀၂၂)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် … Read more