ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူး​ကျေးရွာအုပ်စု၊ ကျုံကူး​ကျေးရွာ၌ (၁၀-၈-၂၀၂၂) ရက်​နေ့၊ (၁၀:၀၅)နာရီအချိန်၌ ရုတ်တရက်​လေပြင်းတိုက်ခတ်၍ ကုက္ကိုလ်ပင်လဲကျမှု​ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​နေအိမ် (၃)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၂၀,၀၀ဝ/-)ကျပ်နှင့် ​ဘေးသင့်အိမ်​ထောင်စု (၃)စုမှ လူဦး​ရေ (၁၃)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၂၇,၃၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၄၇,၃၀ဝ/-) ကျပ်တို့အား (၁၁-၈-၂၀၂၂)ရက်​နေ့၊ (၁၂:၅၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ​ရှေ့​မှောက်၌  ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှု၀န်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၀-၈-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၆း၀၀) နာရီအချိန်အထိ မအူပင်မြို့၊ အ.ထ.က (၂)ကျောင်း၌ ​ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး စုစုပေါင်း (၁၁၅)ဦးတို့အား ကြိုတင်ကာကွယ်သဘာ၀ဘေးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိ ပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေ​ပေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ် အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2022 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်နေအိမ်နှင့် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ​ချောင်း၀​ကျေးရွာအုပ်စု၊ ​ချောင်း၀​ကျေးရွာ၊ သရက်​တောပိုင်းရပ်ကွက်၌ (၈-၈-၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် အုန်းပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၅၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)၊ စုစုပေါင်း​ထောက်ပံ့​ငွေ (၆၂,၆၀ဝ/-) ကျပ်နှင့် ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ​ဖောင်ဒိုး​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာ၌ (၉-၈-၂၀၂၂) ရက်​နေ့၌ ​တောဆင်ရိုင်း​ဘေး​ကြောင့် ပျက်စီးခဲ့​သော တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် … Read more

  • မြေပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာအုပ်စု၌ (၆-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၉)လုံးအတွက် ပြောင်းရွှေ့စရိတ်(၉၀၀၀၀၀/-)နှင့် လူဦးရေ(၄၀)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀၀/-)၊ စုစုပေါင်း(၉၈၄၀၀၀/-)အား (၈-၈-၂၀၂၂)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရာက်ထာက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #mon_august_2022 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွန်းစုမြို့တွင် ဦးစီးဌာန(၃)ခု ပူးပေါင်း၍( Quick _Win Projet)ဖြင့် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကတ္တလူ)တွင် (၅.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်၌ ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦးအား ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ လိုက်နာရမည့်ကျင့်၀တ်၊ စည်းကမ်းများသိရှိလိုက်နာတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း၊ ဘောလ်ပင်များ၊ ဗလာစာအုပ်များ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_august_2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ​​​ကံဘက်ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာ၌ (၁-၈-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)  စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀ဝ/-)ကျပ်တိတိနှင့် Surgical Mask (၆)ခုတို့အား (၅-၈-၂၀၂၂)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင်‌ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more