သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
ကျွန်းစုမြို့တွင် ဦးစီးဌာန(၃)ခု ပူးပေါင်း၍( Quick _Win Projet)ဖြင့် အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ကတ္တလူ)တွင် (၅.၈.၂၀၂၂)ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်၌ ကျောင်းသား၊ ကျောင်းသူ(၁၈၃)ဦးအား ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ လိုက်နာရမည့်ကျင့်၀တ်၊ စည်းကမ်းများသိရှိလိုက်နာတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး ဗွီနိုင်း၊ ဘောလ်ပင်များ၊ ဗလာစာအုပ်များ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_august_2022
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events