ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားကျင်းပပြုလုပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားအား “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက်”  ဆောင်ပုဒ်ဖြင့် ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် Volunteer များအပါအဝင် စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ကြပါသည်။ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား၌ ယင်းနေ့အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူ(၆)ဦးတို့အား ဆုချီးမြှင့်ခြင်း၊ Video … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားကျင်းပပြုလုပ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(IDDRR)အခမ်းအနားအား “ကြိုတင်သတိပေးထုတ်ပြန်ချက်၊ ဆောလျင်ဆောင်ရွက်အားလုံးအတွက်” ဆောင်ပုဒ်ဖြင့် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်း အင်အား(၂၀၀)ဦးခန့် အခမ်းအနားသို့ တက်ရောက်ကြပါသည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားတွင် ၎င်းနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ဆုရရှိသော ကျောင်းသား/သူ … Read more

  • မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၈) ၊ န၀ဒေးလမ်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၈)၊ န၀ဒေးလမ်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့၌ (၈-၁၀-၂၀၂၂) ရက်နေ့နှင့် (၁၀-၁၀-၂၀၂၂) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုးပါ (၂) ပုံးနှင့် (၁၉)မျိုးပါ (၁)ပုံး၊  ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၇,၃၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀,၀၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃၂၇,၃၀ဝ/-)ကျပ်တို့အား  … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၁၀-၂၀၂၂) ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်ကွက်၊ ကံ့ကော်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၈,၄၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈,၄၀ဝိ/-)ကျပ်အား မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့်အတူ (၁၁-၁၀-၂၀၂၂)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #tny_oct2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၂) ရက်နေ့ (၁၇း၅၀) အချိန်၌ အုတ်ဖိုမြို့နယ်၊ မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာ တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးလူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀,၄၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၅၀,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း လေးထောင့် ပလပ်စတစ်ပုံးပါ (၁၇)မျိုး (၅)ပုံးနှင့် ကတ္ထူ စက္ကူပုံး (၅)ပုံးတို့အား (၁၁-၁၀-၂၀၂၂)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေး … Read more

  • ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဒိုးကုန်းကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ လေဘေးသင့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဒိုးကုန်း ကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ၌ (၂-၁၀-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ရသည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ (၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀/-) ကျပ်တို့အား (၄-၁၀-၂၀၂၂)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2022 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)