ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃/၁၄-၃-၂၀၂၃)ရက်​နေ့တွင် မိုးရွာ သွန်း၍ ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဖိုး​ရွှေမြကုန်းရှိ ပြိုကျပျက်စီး​နေအိမ် (၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ဖိုးထောက်ပံ့​ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး၊ ကိုးဆူ​အုပ်စု၊ သဲဂရက်​ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၆)လုံး အတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၅၀,၀၀ဝ/-)ကျပ်၊ ​ကမ်းနီ​ကျေးရွာအုပ်စု၊ ကမ်းနီ ကျေးရွာရှိ ပြိုကျပျက်စီး​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ … Read more

  • လေဘေးသင့်ကျေးရွာများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃) ရက်​နေ့တွင် ကန်ကြီး​ထောင့်မြို့ နယ်၊ အပင်နှစ်ဆယ်​ကျေးရွာအုပ်စု၊ ​အပင်နှစ်ဆယ်၊ သော်ကကုန်း​​ကျေးရွာ၊ မြင်းကဆိပ်အုပ်စု၊ ဇီးဖြူ​ချောင်​ကျေးရွာ၊ ဝဲကြီး၊ ​ရွေးကျေးရွာတို့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်​ဆောက်ပစ္စည်း​ဖိုးထောက်ပံ့​ငွေ(၇၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး​ဘုန်း​တော် ကြီးကျောင်း/အိမ်(၆)လုံးအတွက် အိမ်/​ကျောင်း​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁၈၀,၀၀ဝ/-)၊ စုစု​ပေါင်း အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၈၈၀,၀၀ဝ/-))၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၆)ပုံး၊ ဘေးသင့် လူဦး​ရေ (၃၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၈၁,၉၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ … Read more

  • လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကန်ကြီး​ထောင့်မြို့နယ်၊ အပင်နှစ်ဆယ်​ကျေးရွာအုပ်စု၊ ​သော်ကကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃)ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် အစိခဏရာမ​ကျောင်းတိုက်အတွင်းရှိ RC(၁)ထပ်အ​ဆောက်အဦ၏ ​ဘေးအကာ​ကျောက်ပြားများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ​​ကျောင်း​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) တိတိအား (၁၅-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  • လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်းကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၊ ပျဥ်းကတိုး ကုန်း​ကျေးရွာတွင် (၁၃-၃-၂၀၂၃) ရက်​နေ့၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ကိုင်း ကျိုးကျပြီး လည်ပင်းသို့ရိုက်ခတ်သဖြင့် သတိလစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝ/-) ကျပ်အား (၁၅-၃-၂၀၂၃) ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ တာ၀န်ရှိ သူများနှင့်အတူ မိသားစု၀င်များလက်၀ယ်အ​ရောက် ကွင်းဆင်း​​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၂၅) နာရီအချိန်အထိ မူးယစ်ဆေးဖြတ်ပြီးသူများ နောက်ဆက်တွဲ စောင့်ရှောက် နိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းမှ သင်တန်းသား (၂၀) ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_mar2023

  • ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀)နာရီအထိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ ဆရာမများနှင့် ကျောင်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို သဘာဝအသိပညာများ ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)