ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ထားဝယ်မြို့နယ်၊ ကရပ်ပြင်လမ်းဆုံနှင့် မီးသတ်လမ်းဆုံအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ် အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂-၅-၂၀၂၃) ရက်နေ့ (၀၈:၀၀) အချိန်၌ ထားဝယ်မြို့နယ်၊ ကရပ်ပြင်လမ်းဆုံနှင့် မီးသတ်လမ်းဆုံအနီးတဝိုက်ရှိ ဒေသခံပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုလည်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_str #tny_may2023

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀.၅.၂၀၂၃)ရက်နေ့(၁၉း၄၀)နာရီအချိန်၌ ငါးသိုင်း​ချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၁း၂၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ မိသားစုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #aya_may_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၁၁-၅-၂၀၂၃) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ ကင်းချောင်းကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများဆော်ဩခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_may2023

  • ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး) ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၇) ရွာတို့မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့၊ (၁၉း၄၀)နာရီအချိန်၌ ကျုံပျော် ခရိုင်၊ ကျောင်းကုန်းမြို့၊  (ရောင်ပစ်ကွင်း၊ ဝက်ခြံဂရက်၊ ပန်းတောရိုး)ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၇)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် (သွပ်မိုး/ဓနိမိုး၊ထရံကာ) ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေနေအိမ် (၁၇)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅,၀၀၀/-)၊ အိမ်ထောင်စု (၂၃) စုမှ စုစုပေါင်းလူဦးရေ (၉၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၉,၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၆၄,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး … Read more

  • ငါးသိုင်း​ချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၃) ရက်နေ့ (၁၈း၄၀)နာရီအချိန်၌ ငါးသိုင်း​ချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၀၀၀၀/-)တိတိအား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၁း၂၀)နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၃)ရက်နေ့(၂၀း၃၅)နာရီအချိန်၌ ရေကြည်မြို့၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ/ ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ အိမ်ထောင်စု(၁)မှစုစုပေါင်းလူဦးရေ(၅) ဦး အတွက်(၇)ရက်စာဆန်ရိက္ခာရန်ပုံငွေ(၁၀၅၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၀၅၀၀/-)နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ(၁)အိမ်ထောင်စာ(၄၆၀၃၆/-)အား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၄း၁၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ #ha_sgw #ayy_may2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)