ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ မြို့ကွက်ကျေးရွာ၌ (၂၅-၅-၂၀၂၃)ရက်နေ့ (၀၁း၀၀)နာရီအချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၆)ဦး၊ တိုက်ကြီး မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မြရတနာကျေးရွာ၌ (၈-၆-၂၀၂၃)ရက်နေ့ (၀၄း၃၀)အချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၃)ဦးနှင့် တိုက်ကြီး မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ မြရတနာကျေးရွာ၌ (၉-၆-၂၀၂၃)ရက်နေ့(၀၄း၀၀)အချိန်တွင် တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု လူဦးရေ(၁၅)ဦး၊ … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၂၁-၆-၂၀၂၃)ရက်နေ့တွင် သန်လျင်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း)၌  ‌ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ပျက်ဆီးဆုံးရှုံးမှုလျော့နည်းစေရန် သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များဆွေးနွေးဟောပြောခြင်း၊ သဘာ၀‌ဘေး အသိပညာပေး Video click များ ပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #ygn_jun_2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ကျောင်းလမ်းတွင် (၆-၆-၂၀၂၃)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်လဲကျ၍ တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၈)ဦးနှင့် (၁၅-၆-၂၀၂၃)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် အမှတ်(၁၇)ရပ်ကွက်၊ ဗန္ဓုလလမ်း၌ မိုးသည်း ထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုလ်ပင်လဲကျ၍ လုံးဝပျက်စီးအိမ်ခြေ(၁)လုံးနှင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၆)ဦး၊ စုစုပေါင်းလုံးဝပျက်စီးအိမ်ခြေ(၁)လုံး၊ တစ်စိတ် တစ်ပိုင်းအိမ်ခြေ(၂)လုံး၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀ဝ/-)၊ တစ်စိတ်တစ်ပိုင်း အိမ်ခြေ (၂)လုံးနှင့် … Read more

  • ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ ပူးပေါင်း၍ (၂၁.၆.၂၀၂၃)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်၊ အ.ထ.က(စာသင်ကျောင်း)၌ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီအချိန်ထိ ကျောင်းသား/ သူဦးရေ (၃၀၀) ဦးခန့်ဖြင့် ငလျင်ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #mon_june_2023  #Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၆-၂၀၂၃)ရက်နေ့တွင် ကသာခရိုင်၊ လမ်းခွကျေးရွာအုပ်စု၊ လမ်းခွကျေးရွာ၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် (၁)အိမ်ထောင်လျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)၊ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၆၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၆၈၀၀ိ/-)၊ အား (၂၀-၆-၂၀၂၃)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_jun_2023 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၃)ရက်နေ့ နံနက်(၁၃း၀၀) အချိန် တွင် ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ အ.ထ.က(၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)