ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အ.ထ.က (ကျွဲခြံ)စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၃)ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပေါင်မြို့နယ်၊ အ.ထ.က(ကျွဲခြံ) စာသင် ကျောင်း၌ ကျောင်းသား/သူ အင်အား (၁၀၀) ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ ဗီနိုင်ပိုစတာပေးအပ်ခြင်း၊ အအေးနှင့်မုန့်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun_2023 Source:  ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၃)ရက်နေ့နှင့် (၂၆-၆-၂၀၂၃)ရက် နေ့တို့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၂၀၀၀၀ဝ/-)၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ဝ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၂၁၀၀၀/-)ကျပ်အား (၂၇-၆-၂၀၂၃)ရက်နေ့(၁၃း၄၅) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၃) ရက်နေ့၌ သထုံမြို့၊ နန်းခဲရပ်ကွက်၊ နန်းတော်ဦးဘုန်းကြီးကျောင်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) နှင့် ပျံလွန်တော်မူခဲ့သည့်ရဟန်း (၁)ပါးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀/-)အား              (၂၆-၆-၂၀၂၃) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jun2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၆.၂၀၂၂) ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင်သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများအား သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #myeik_june_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၆.၂၀၂၃)ရက်နေ့၊ (၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က(ဇီးကုန်း)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၃၀)ဦးနှင့် (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အ.မ.က(သာယာဝှမ်း)စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၂၀)ဦး၊စုစုပေါင်း ကျောင်းသား/သူ (၂၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #nptn_jun_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသူသည် (၂၃-၆-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ သထုံခရိုင်၊ သထုံမြို့နယ်၊ အ.ထ.က (၄)စာသင်ကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျောင်းသား/ ကျောင်းသူအင်အား (၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်ပတ်သတ်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အဝတ်Maskများ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)