Latest News
-
လေပြင်းဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၃)ရက်နေ့ (၂၂း၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ် (အနောက်)ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၄)ပေ ရှိဂွေးပင်မှ အမြစ်ပွ၍ လူနေအိမ်ပေါ်သို့ လဲကျရာလူနေအိမ်(၁) လုံးပြိုလဲပျက်စီးခဲ့ပြီး လူ(၁)ဦးသေဆုံးခဲ့ရာ သေဆုံး ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)၊ ပြိုလဲလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-)၊ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာဖိုး(၄,၂၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၄,၂၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း လေးထောင့် ပလပ်စတစ်ပုံးအပါ(၁၆)မျိုး တန်ဖိုးငွေ(၄၆,၀၃၆/-)နှင့် စက္ကူကတ္ထူပုံး(၁)ပုံးတို့အား (၃-၈-၂၀၂၃) … Read more
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ပုလော မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/သူ (၁၅၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ခဲတံများနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2023 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူ (၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #tny_aug_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား/သူ (၈၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၂၃)ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ မောင်းလှော်အောက်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု (၁)စုမှ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၀,၅၀ဝိ/-)ကျပ်နှင့် သေဆုံးသူအမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်တို့အား (၃၁.၇.၂၀၂၃)ရက်နေ့၊ (၁၁း၃၀)အချိန်တွင် တာဝန်ရှိသူများ ရှေ့မှောက်၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_july_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၃)ရက်နေ့ (၀၈း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွင်အမိုးသွပ်(၄)ချပ် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀,၀၀၀/-)နှင့် လူဦးရေ(၁)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-)၊ စုစုပေါင်းကျပ်(၁၂,၁၀၀/-)အား (၃-၈-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









