Latest News
-
အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခန်းမတွင် (၂၀-၁၀-၂၀၂၃) ရက်နေ့ (၁၀း၀၀) နာရီအချိန်၌ ”အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ” ခေါင်းစဥ်ဖြင့် သဘာဝ ဘေးအသိပညာပေးဟောပြောမှုနှင့် မိုးခေါင်ရေရှားဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Oct_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/ခ)၌ (၂၁.၁၀.၂၀၂၃)ရက်နေ့၊ (၁၈:၅၀)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈၄၀ဝိ/-)အား (၂၃.၁၀.၂၀၂၃)ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npt_oct_2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လယ်ဝေးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ(၁၀)တွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၀)၌ (၂၁-၁၀-၂၀၂၃)ရက်နေ့၊ (၂၂:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀ဝ/-)အား နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၃)ရက်နေ့၊ (၁၄:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွား ရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_oct 2023 … Read more
-
ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါကမ်းပါး အရေးပေါ်ကာကွယ်ရေး လုပ်ငန်းအား တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်း၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာ၌ (၁၄.၁၀.၂၀၂၃)ရက်နေ့(၀၇:၀၀) အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့မှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၆၀၉၀ဝိ/-)နှင့် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂)ပုံးတို့အား ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၆-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npt_oct_2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာတွင် (၁၅.၁၀.၂၀၂၃)ရက်နေ့၊ (၁၁:၀၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၄၆,၀၃၆)တန်ဖိုးရှိ(၁၆)မျိုးပါပုံး(၂)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆၀,၉၇၂)တို့အား (၁၆-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npt_oct_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)









