လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ် ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ မိုးကြိုးကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုး‌ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတို့၌ ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ထိန်တောကြီးအုပ်စုနှင့် ရှားဖြူကျင်းအုပ်စုတွင် (၁၀.၅.၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁)လုံးနှင့် တစ်စိတ်တစ်ပို​င်းပျက်စီးအိမ်ခြေ (၈)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၀,၀၀ဝိ/-)၊ စုစုပေါင်း လူဦးရေ (၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၅,၁၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁)အိမ်ထောင်စာတို့အား (၁၄.၅.၂၀၂၄)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #‌ayy_may_2024 Source: … Read more

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မဈေးတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မဈေး၌ နွေရာသီကာလတွင်ဖြစ်ပွားတတ်သော လေပြင်းဘေးအန္တရာယ်၊ မိုးကြိုကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးပစ်ခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များကို သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်အုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူများသို့ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ ပန်းကုန်း​ကျေးရွာတွင် ဖြစ်ပွားခဲ့သောမီးဘေးထောက်ပံ့ပြီးစီးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ ပန်းကုန်း​ကျေးရွာတွင် (၁၂-၅-၂၀၂၄) ရက်နေ့ (၁၅း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-) နှင့် လူဦးရေစုစုပေါင်း (၈) ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ  (၂၁၆,၈၀ဝိ/-) နှင့် (၁၂၅,၀၂၄/-) တန်ဖိုးရှိကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၁၄-၅-၂၀၂၄) ရက်နေ့ (၁၄း၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_may_2024 Source: … Read more

  • လပွတ္တာမြို့၊ အမှတ် (၄၊၅၊၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးနှင့် ပုလဲဆိပ်တံတားတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့်မိုးကြိုးဘေးများအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် လပွတ္တာမြို့၊ အမှတ် (၄၊၅၊၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးနှင့် ပုလဲဆိပ်တံတားတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးများအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့‌ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #‌ayy_may_2024 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကလောမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများတွင် သောက်သုံးရေ ဖြန့်ဝေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄)‌နေ့မှစ၍ ကလောမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေ ထောက်ပံ့သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၁၄-၅-၂၀၂၄) ရက်နေ့တွင် ရေဂါလံပေါင်း (၄,၃၀၀) ကျော် ထောက်ပံ့ပြီးစီးပြီဖြစ်၍ ကလောမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၅) ခု သို့ မေလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၏ သောက်သုံးရေလိုအပ်ချက် ဂါလံ (၁၅၀,၀၀၀) ကျော်ကို  ပြည့်မီအောင်ထောက်ပံ့နိုင်ရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ … Read more