ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄/၂၀၂၄)

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်(Depression)သတင်းကို အောက်ပါအတိုင်း အစီရင်ခံတင်ပြအပ်ပါသည်- (­­­က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်ကမ်းခြေကို ပူရီမြို့ (Puri) တောင်ဘက်အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ် (Depression)သည် ဩရိဿပြည်နယ်ပေါ်သို့ ရောက်ရှိခဲ့ပြီး၊ အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ ချက်တစ်ဂတ်ပြည်နယ်သို့ ရောက်ရှိပြီး၊ နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ တဖြည်းဖြည်း … Read more

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄)

    (­­­က) မုန်တိုင်းငယ်အခြေအနေ        ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့(Puri) တောင်ဘက်အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။ (ခ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်       အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ … Read more

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)

    (­­­က) မုန်တိုင်းငယ်အခြေအနေ    (၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန် နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ မြန်မာ နိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ စစ်တွေ မြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့(Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်၂၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့ (Gopalpur)၏ … Read more

  • မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ သရက်တောရပ်ကွက်၊ စက်ရုံရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ ရွာထောင်ရပ် ကွက်၊ မကျီးကုန်းရပ်ကွက်၊ ကွမ်းလောင်းကျေးရွာ၊ ပြလို့အမှတ်(၁)ရပ်ကွက်၊ နံဇူပင်ကျေးရွာတို့၌ (၁၅/၁၆/၁၇-၇-၂၀၂၄)ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေဝင်​​ရောက်မှု​ကြောင့် ရေဘေးသင့်ပြောင်းရွှေ့အိမ်ခြေ(၄၂၆)လုံး၊ အိမ်ထောင် စု(၄၂၆)စု၊လူဦးရေ(၁၄၅၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃,၀၆၁,၈၀ဝိ/-) အား (၁၈-၇-၂၀၂၄)ရက်နေ့တွင် မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်​​​ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2024 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေကြီးခြင်းသတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခန့် (၂၈ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

  • ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်မှစ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောက်ချပ်၊ ထိန်ပင်၊ ရှားဆေးဘို၊ သပြေပင်၊ သစ်ဆတက်ကလေး ကျေးရွာများတွင် သဘာဝေဘးအန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌npw_jul_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)